Wednesday, February 12, 2014

သူမဟာ ကျွန်တော်ရဲ့ နှင်းဆီတေးသွားဆိုလည်းဟုတ်တယ်...........

သူမဟာ ကျွန်တော့်ရဲ့ နှင်းဆီ တေးသွားဆိုလည်း ဟုတ်တယ်
သူမဟာ ကျွန်တော်ရဲ့ ဆောင်းကဗျာ ဆိုလည်း ဟုတ်တယ်
သူမဟာ ကျွန်တော်ရဲ့ ခြင်္သေ့မလေး ဆိုလည်း ဟုတ်တယ်
ကျွန်တော့် ခြင်္သေ့မလေးက
သိပ်လှတယ်
ဆံပင် ရှည်ရှည်လေး ပိုင်ဆိုင်ထားတယ်
မျက်နှာ ၀ိုင်းစက်စက်လေး ပိုင်ဆိုင်ထားတယ်
ဖယောင်းသား လက်ကလေးတွေ ပိုင်ဆိုင်ထားတယ်
ကြယ်လို မျက်လုံးလေးတွေ ပိုင်ဆိုင်ထားတယ်
ဥမ္မာဒန္ဒီထက် လှတယ်
ပပ၀တီထက် လှတယ်
ကိတ်ဝင်းစလက် ထက် လှတယ်
ကေတီပယ်ရီ ထက် လှတယ်
ကြယ်တွေစုံညီတဲ့ ညရဲ့အလှတွေထဲမှာ
ကျွန်တော့် ခြင်္သေ့မလေးက အားလုံထက် ပိုလှတယ် . . . .

No comments:

Post a Comment