အချစ်ကဗျာလှလှလေးတွေကိုမှ
စာသလို့ ယဉ်ချင်သူ။
အချစ်မပါရင် ကဗျာမဖြစ်သလိုပေါ့
သိပ်ချစ်တတ်သူ။
ထမင်းမရှိသော်လည်း အချစ်ရှိပါသတဲ့
စိတ်ကူနဲ့ ပြည်တည်သူ
ရူးသူလို့ ဆိုလေမလား။
မရူးပါဘူးကွယ်
လက်တွေ့နယ်မှာလေ……
ထမင်းမပါရင် တကယ်မရသော်လည်း
ဘဝမှာအချစ်မပါခဲ့ရင်ဖြင့်
ရင်ထဲမှာ ဗလာကျင်းပါလို့
ကြည်နူးစရာ လွမ်းစရာ ဘယ်မှာရှိပါ့မလဲ
လူ့အဖြစ်ဟာ တကယ်ရှုံးတာကြောင့်
ဘယ်သူလာ ဘာတွေပြောပေမယ့်
ဘဝအမောတွေ ဖြေကာသိပ်စေတဲ့
“အချစ်ကဗျာ ပန်းလွှာရိပ်” မှာလ
စက်အိပ်နေနား…။။ ။။
No comments:
Post a Comment