Tuesday, July 1, 2014

Promise

ကတိဆိုတဲ့အရာတွေ၊ သစ္စာဆိုတဲ့ စကားလုံးတွေဟာ လူနဲ့ လူချင်း မကင်းနိုင်တဲ့ ကျွန်တော်တို့ဘ၀မှာ ကင်းကွာလို့မရတဲ့ စကားလုံးတွေပေါ့။ ကျွန်တော့်အမြင်အရတော့ ခုနောက်ပိုင်းခေတ်တွေမှာ ကတိဆိုတဲ့ စကားအပေါ် ယုံကြည်ရမှုတွေ လျော့ပါးလာလို့ ထင်တယ်။ အရင်ခေတ်ကလို နှုတ် ကတိတွေ ထားဦး၊ နှုတ်တစ်ရာ စာတစ်လုံးပါဆိုတဲ့ စာချုပ်ဆိုတာတွေကိုပါ ဖောက်ဖျက်လာတာ တွေ့ရတယ်။ အဲဒီကနေ အကျိုးဆက်အဖြစ် ယုံကြည်မှုတွေ ပျောက်ဆုံးလာတယ်ပေါ့ဗျာ.... ကတိဆိုတဲ့ စကားလုံး ပြောတော့သာ လွယ်ပေ လှပေမယ့်၊ သူ့ရဲ့ နောက်ကွယ်က တာဝန်ယူမှု ဆိုတာကတော့ တော်တော့်ကို ခက်ခဲ့တဲ့ စကားလုံးပါ။ တစ်ခုခုကို ဖြစ်စေရပါမယ်ဆိုပြီး ဖြစ်အောင် လုပ်ပေးတယ်ဆိုတာ တာဝန်ယူမှုပါပဲ။ တာဝန်ယူမှု မရှိရင် ကျွန်တော်တို့ ပါးစပ်ကထွက်တဲ့ ကတိဆိုတဲ့ စကားလုံးဟာ တန်ဖိုးမဲ့သွားတော့မှာပါ။
ဒါကြောင့် ယုံကြည်မှုတွေ ပျောက်ဆုံးလာတဲ့၊ တစ်ပါးသူအပေါ် သံသယတွေ ကြီးစိုးလာတဲ့ ယနေ့ခေတ် အခြေအနေမှာ ကတိထက် လုပ်ဆောင်ချက်နဲ့ သက်သေပြဖို့က ပိုပြီး အရေးကြီးလာပါတယ်။ တာဝန်ယူမှုဆိုတာ ကတိဆိုတဲ့ စကားလုံးတိုင်းရဲ့ နောက်ကွယ်မှာ ရှိကို ရှိသင့်ပါတယ်။ လူမှုဆက်ဆံရေးကို ပစ်ထားလို့ မရတဲ့ ကျွန်တော်တို့ရဲ့ ဘ၀တွေမှာလည်း ကတိက၀တ်တွေ၊ တာဝန်ယူမှုတွေ၊ ချိုးဖောက်မှုတွေဟာ တစ်နေ့မဟုတ် တစ်နေ့ ကြုံနေ၊ ကြားနေ၊ မြင်တွေ့နေရတဲ့ စကားလုံးတွေပါပဲ။
ကတိဆိုတာမှာ တာဝန်ယူမှုကို ပြောတဲ့အတွက် ကိုယ်ဘယ်လောက် လုပ်နိုင်တယ်ဆိုတာကို သိရမှ ကိုယ်ဘယ်လောက် ဖြစ်ရမယ်ဆိုတာကို ကတိပေးနိုင်မှာပါ။ ကျွန်တော်တို့ ဘ၀တွေမှာ ယုံကြည်မှု တည်ဆောက်ခြင်းဟာလည်း အရေးကြီးတာမို့ ပြောသလောက် လုပ်ပေးနိုင်ဖို့ လိုပါတယ်။ ဆုံးရှုံးသွားတဲ့ ယုံကြည်မှုဆိုတာတွေဟာ အနာဂတ်မှာ ဘယ်တော့မှ ပြန်မရနိုင်တဲ့ အရာတွေပါ။ ဘ၀မှာ အောင်မြင်မှု၊ ကြီးပွားတိုးတက်မှုအတွက် လိုအပ်တဲ့ ယုံကြည်မှုတွေ တည်ဆောက်နိုင်ဖို့၊ ကတိဆိုတဲ့ စကားလုံးနဲ့အတူ တာဝန်ယူမှုပါ တွဲလျက်လိုက်ပါနေမှ ဖြစ်မှာပါ။
ဥပဒေတွေ၊ ပြစ်ဒဏ်တွေဟာ ကတိချိုးဖောက်မှုအတွက် လုံလောက်တဲ့ အဟန့်အတားတွေ မဟုတ်ပါဘူးဆိုတာကို တိုးပွားလာတဲ့ ကတိဖျက်မှုတွေက သက်သေခံနေပါတယ်။ အဓိက ကတော့ လူတိုင်းဟာ မိမိကိုယ်ကို ထိန်းချုပ်နိုင်မှ၊ မိမိစွမ်းဆောင်ရည်ကို အမှန်အတိုင်း သိမြင်ပြောပြနိုင်မှသာ ကတိတရားအပေါ် တာဝန်ယူမှုကို ပေးနိုင်မှာပါ။ အဓိက ကတော့ လုပ်နိုင်သလောက် လုပ်နိုင်သလောက်ပဲ ပြော၊ ပြောတဲ့အတိုင်းလုပ်၊ မသေချာဘဲ၊ မလုပ်နိုင်ဘဲ ပိုမပြောနဲ့ဆိုတဲ့ စကားသုံးခွန်းဟာ ကတိဆိုတဲ့ စကားလုံးအတွက် လုံလောက်မှာပါ........

အိမ့်(သိုးမဲလေး)

ရာသီပြောင်းချိန်

နှင်းဝေမှ မဟုတ်ပါဘူး
မိုးစက်တွေ မကြွေတော့တဲ့
ရာသီပြောင်းချိန် ရောက်တာနဲ့
ဆောင်း ဖြစ်ပါတယ်မောင်။
အတင်း မမုန်းခိုင်းပါနဲ့
အချစ်တွေ ကုန်ဆုံးလို့
မေတ္တာတွေ မျိုးတုံးသွားချိန်မှာ
မမုန်းနိုင်ရင်တောင်
အလိုလို မေ့ဖြစ်ပါလိမ့်မယ်။
မင့် ကစားပွဲတိုင်းအတွက်
ငါ့အချစ်တွေကို လောင်းကြေး ထပ်ခံခဲ့ရတာ
အသည်းမှာ အက်ကြောင်းထင်မှ
ငါ သိမြင်ခဲ့တယ်။
အချစ်မှာ အရှုံးအမြတ် မရှိဘူးလို့ ပြောကြပေမယ့်
အချစ်ကြီးတဲ့ ငါ အရှုံးကြီး ရှုံးခဲ့တာကိုတော့
ငါ့ မျက်ရည်တွေက အသိဆုံးဖြစ်မှာပါ။
တစ်ခါတလေ သတိရမိရင်တောင်
မင်း ကျေးဇူးကြောင့်
ငါ့အသည်း တဆစ်ဆစ် နာတုန်းရယ်။
တကယ်ပါ
အတင်း မမုန်းခိုင်းလိုက်ပါနဲ့
ဆောင်း မရှိတော့တဲ့အခါ
ရာသီပြောင်းချိန် ရောက်တာနှင့်
သူ့အလိုလို
နွေ ဆိုတာ ဖြစ်ပါတယ်ကွာ။

Monday, June 16, 2014

`နှလုံးသားမှာသူရှိတယ်´

တစ်ရိပ်ရိပ် တတ်လာတဲ့ခံစားချက်နှင့်အတူ
တစ်ဖြည်းဖြည်းပြည်.လာတဲ. မျက်ရည်တို.က
မိုးမဲများ ရွာကျသလို တားမရဆီးမရ......
တစ်ယောက်နဲ.တစ်ယောက်ငေးနေရုံကလွဲ
ဘာမှမတတ်နိုင်ခဲ.
ပန်းရိုင်းတစ်ပွင့်ရဲ့ခံစားချက်ကို ဘယ်သူတွေသိနိုင်မလဲ
ဘယ်စာဆိုတွေ ဘာတွေနဲ.ညွှန်းဖွဲ့နိုင်မလဲ.........
ငါသိတာပေါ့ နင်ချောလှတဲ့လူမြင်တိုင်း ငမ်းတတ်တာ
ငါသိတာပေါ့ နင့်ကိုမချစ်ဘူးပြောတဲ့ငါ့ကို မုန်းနေမှာပေါ့...
ငါသိတာပေါ့ ယောက်ျားဆိုတာ အိုင်တွေ့တိုင်းခြေဆေးတတ်တာ
ရင်ထဲမှာမိုးပြိုသလို သက်ပြင်းတွေအကြိမ်ကြိမ်ချမိတယ်......
နှလုံးသားထဲကသံစဉ်တစ်ခုကို ကိုယ်ကိုတိုင်ပဲ တီးခတ်နေမိတယ်။
ဘ၀ နဲ. အချစ် နှစ်ခုလုံးကအရေးပါပေမဲ့
ကိုယ်တိုင်ပုံဖော်ခွင့်ရှိတဲ့ ဘ၀ကိုပဲရွေးချယ်ပါရစေ
မျဉ်းပြိုင်နှစ်ကြောင်းလိုလမ်းကြောင်းခြင်းမတူညီပေမဲ့
တူညီနေတဲ့ရည်မှန်းချက်နဲ့ရှေ့ဆက်လျောက်လှမ်းနိုင်ပါစေချစ်သူ.....
တိုးတိတ်ကြေကွဲ မာယာများနဲ့
အသဲအပိုဆု မထားခဲ.ပါ မုန်းယောင်ဆောင်လည်း
နှလုံးသားမှာ သူရှိတယ်။......

အချစ်ဆိုတာ............

အချစ်ဆိုတာ
လုပ်ယူဖန်တီး လိုမရပါဘူး
လုပ်ယူဖန်တီးပြီးမှ ရလာတဲ့အချစ်ကလည်း
မစစ်မှန်ဘူးလိုထင်ပါတယ်
ဒါကြောင့်
မိန်းခလေးတစ်ယောက်ကိုချစ်မိပြီဆိုရင်
သူ့အချစ်ကိုရဖို့ကြိုးစားတာထက်
ကိုယ့်ပင်ကိုစိတ်ရင်းက ဖြစ်လာတဲ့
သူ့ကိုပျော်ရွင်စေချင်တဲ့စိတ်နဲ့သူ့အလိုကို
လိုက်လျှောပေးတာပိုကောင်းပါတယ်
ဘာဖြစ်လို့လဲဆိုတော့
ကြိုးစားတယ်ဆိုတာ
အတိုင်းအတာတစ်ခုထိပဲလေ
တစ်ချိန်မှာမကြိုးစားနိုင်တော့ရင်
အဆင်မပြေမှု့တွေဝင်ရောက်လာမယ်
ဒါကြောင့်
မိန်းခလေးတစ်ယောက်နဲ့
ယောက်ျားလေးတစ်ယောက်
ချစ်ကြိုက်ပြီဆိုရင် ကြိုးစားမှုကြောင့်မဟုတ်ဘဲ
စိတ်ထဲက သူ့အလိုလျှောက်ဖြစ်လာတဲ့
ရင်ခုန်သံကြောင့် ချစ်ကြိုက်တာဟာ
ပိုပြီးခိုင်မြဲတယ်လို့ ထင်ပါတယ်
ချစ်သူတိုင်းအဆင်ပြေကြပါစေ

Sunday, May 25, 2014

ချစ်သူအားလမ်းခွဲမယ်စကားမပြောရက်သူ ......

ချစ်သူအားလမ်းခွဲမယ်စကားမပြောရက်သူ

မင်းကိုငါဘယ်တောမှာလမ်းခွဲမယ်စကားမပြောဘူး
လမ်းခွဲမယ်စကားပြောမယ်ကျန်ရင်
ငါနှုတ်ခမ်းကိုငါဓားနဲခွဲပြီ
မှာနင်ကိုပြောမယ်ဘာလိုလဲဆိုတော့နောက်
တစ်ယောက်ကိုချစ်တယ်လိုပြော
မိမှာဆိုလိုပါ
ငါနှုတ်ခမ်းကချစ်တယ်ဆိုတယ်
စကားကိုနင်တစ်ယောက်ထဲပြောခဲတာကို
နင့်သိစေချင်းပါတယ်
ငါ့နှုတ်ခမ်းကဓားနဲခွဲလိုကျလားတယ်သွေး
တွေနဲနင်ကိုသက်သေပြပါမယ်
တစ်နှစ်မှာတစ်ခါဘဲပွင့်တဲငုဝါပန့်တွေလို
မင်းကိုချစ်ခဲတာပါအချစ်ကြီးချစ်မိသူတစ်ယောက်ပါ။

မင်းကိုငါဘယ်တောမှာလမ်းခွဲမယ်စကားမပြောဘူး
လမ်းခွဲမယ်စကားပြောမယ်ကျန်ရင်
ငါနှုတ်ခမ်းကိုငါဓားနဲခွဲပြီ
မှာနင်ကိုပြောမယ်ဘာလိုလဲဆိုတော့နောက်
တစ်ယောက်ကိုချစ်တယ်လိုပြော
မိမှာဆိုလိုပါ
ငါနှုတ်ခမ်းကချစ်တယ်ဆိုတယ်
စကားကိုနင်တစ်ယောက်ထဲပြောခဲတာကို
နင့်သိစေချင်းပါတယ်
ငါ့နှုတ်ခမ်းကဓားနဲခွဲလိုကျလားတယ်သွေး
တွေနဲနင်ကိုသက်သေပြပါမယ်
တစ်နှစ်မှာတစ်ခါဘဲပွင့်တဲငုဝါပန့်တွေလို
မင်းကိုချစ်ခဲတာပါအချစ်ကြီးချစ်မိသူတစ်ယောက်ပါ။

မိုးသို့ဆိုသောသစ္စာစကား ။။။။

မိုးသို့ဆိုသောသစ္စာစကား

မှိုင်းမှိုင်းညို့ညို့

တိမ်ခိုးတို့လျှင်

မို့မို့မောက်မောက်

ဖြိုးဖျောက်ဖျောက်ဖြင့်

သွန်းပေါက်ရွာကျ

ခါတွင်မှလျှင်

နွမ်းလျရော်ရီ

လွမ်းစိတ်အီမိ


သည်းမည်းသည့်မိုး


စိုထိရင်တွင်း


မျက်ရေဆင်းလိမ့်


ဖြေခြင်းမရ


စိတ်သောကလျှင်


လွန်စွနှိပ်စက်


ဆွေးဂယက်ဖြစ်


သက်ထက်သဲညှာ


မောင့်ကလျာနှင့်


ကြန့်ကြာဝေးခြင်း


အမြန်ကင်း၍


ရင်တွင်းထပ်တူ


နီးသို့မူလျှက်


သဲသက်မြေကျ


ပေါင်းပါရစေ

မိုးရေသစ္စာ


ဖွင့်ကာနှုတ်ဟ


တိုင်တည်ပါ့မည်


ဝဿန္တမိုး သက်သေထိုး။ ။


ချစ်သူတေးချိုး လွမ်းစာမိုး။ ။


ရွာစေသွန်းဖြိုး ရွာပါမိုး။ ။


လွမ်းမျက်ရေမိုး စွေစွေဖြိုး။ ။

မှိုင်းမှိုင်းညို့ညို့

တိမ်ခိုးတို့လျှင်

မို့မို့မောက်မောက်

ဖြိုးဖျောက်ဖျောက်ဖြင့်

သွန်းပေါက်ရွာကျ

ခါတွင်မှလျှင်

နွမ်းလျရော်ရီ

လွမ်းစိတ်အီမိ


သည်းမည်းသည့်မိုး


စိုထိရင်တွင်း


မျက်ရေဆင်းလိမ့်


ဖြေခြင်းမရ


စိတ်သောကလျှင်


လွန်စွနှိပ်စက်


ဆွေးဂယက်ဖြစ်


သက်ထက်သဲညှာ


မောင့်ကလျာနှင့်


ကြန့်ကြာဝေးခြင်း


အမြန်ကင်း၍


ရင်တွင်းထပ်တူ


နီးသို့မူလျှက်


သဲသက်မြေကျ


ပေါင်းပါရစေ

မိုးရေသစ္စာ


ဖွင့်ကာနှုတ်ဟ


တိုင်တည်ပါ့မည်


ဝဿန္တမိုး သက်သေထိုး။ ။


ချစ်သူတေးချိုး လွမ်းစာမိုး။ ။


ရွာစေသွန်းဖြိုး ရွာပါမိုး။ ။


လွမ်းမျက်ရေမိုး စွေစွေဖြိုး။ ။

ဖြည့်ဆည်းမပေးနိုင်သူ....

ဖြည့်ဆည်းမပေးနိုင်သူ

ဖြည့်ဆည်းမှု့တွေ 
မပေးနိုင်ခဲ့ဘူး..
ချစ်သူ....
အလွမ်းသက်သက်နဲ့..
အချစ်ဓာတ်ပြားဟောင်းကြီးကို...
ဖွင့်ပြရုံကလွဲလို့ 
ငါဘာတက်နိုင်ခဲ့လဲ...။
သဝန်တိုမှု့နဲ့
ချုပ်ချယ်မှု့ကလွဲလို့
ငါ...ဘာတက်နိုင်ခဲ့လဲ...။
ဆုတောင်းမှု့နဲ့..
နှစ်သိမ့်မှု့ကလွဲလို့
ငါ...ဘာတက်နိုင်ခဲလဲ...
ဒါပေမယ့်...
သေချာတယ် ချစ်သူ..
နင်က..
ငါ့နှလုံးသားရဲ့...
VIP ပါ...။

ဖြည့်ဆည်းမှု့တွေ 
မပေးနိုင်ခဲ့ဘူး..
ချစ်သူ....
အလွမ်းသက်သက်နဲ့..
အချစ်ဓာတ်ပြားဟောင်းကြီးကို...
ဖွင့်ပြရုံကလွဲလို့ 
ငါဘာတက်နိုင်ခဲ့လဲ...။
သဝန်တိုမှု့နဲ့
ချုပ်ချယ်မှု့ကလွဲလို့
ငါ...ဘာတက်နိုင်ခဲ့လဲ...။
ဆုတောင်းမှု့နဲ့..
နှစ်သိမ့်မှု့ကလွဲလို့
ငါ...ဘာတက်နိုင်ခဲလဲ...
ဒါပေမယ့်...
သေချာတယ် ချစ်သူ..
နင်က..
ငါ့နှလုံးသားရဲ့...
VIP ပါ...။